အမေးအဖြေများ

Not found what you looking for?

MTB Pay တွင်

  • Registered to Registered (R2R) (MTB Pay Account ရှိသူအချင်းချင်း ငွေလွှဲပြောင်းခြင်း)
  • Registered to Unregistered (R2U) (MTB Pay Account ရှိသူမှ MTB Pay Account မရှိသူထံသို့ ငွေလွှဲပြောင်းခြင်း) များ ပြုလုပ်နိုင်ပါသည် ။

တစ်ရက်လျှင် အများဆုံးငွေပမာဏ (၅,၀၀၀,၀၀၀/-) ကျပ်ထိ လွှဲနိုင်ပါသည်။  

သတ်မှတ်ထားသော င္ပေပမာဏထက်ကျော်လွန်၍ မရနိုင်ပါ။

မှားယွင်စွာပြုလုပ်လိုက်သည့်ငွေလွှဲခြင်း၊ စာရင်းပြောင်းပြုလုပ်ခြင်းတို့ကို ပယ်ဖျက်လို့ မရနိုင်ပါ။

MTB Pay Wallet တွင် ငွေလွှဲခြင်း၊ ဖုန်း‌ငွေဖြည့်ခြင်း၊ Data package များဝယ်ယူခြင်း၊ လစဉ်ပေးချေ စရာရှိသည့် Bill များပေးဆောင်ခြင်း စသည့်ဝန်ဆောင်မှုများကို ပြုလုပ်နိုင်ပါသည်။

MTB Pay Wallet တွင် (Ooredoo ၊ Telenor ၊ MPT, Mytel) ကိုမဆို နေရာမရွေး အချိန်မရွေး ဖုန်းဘေလ်အလွယ်တကူ ငွေဖြည့်သွင်းနိုင်ပါသည်။

QR Code ဖြင့် ငွေပေးချေနိုင်ပါသည်။

QR Code ဖြင့် ငွေပေးချေရာတွင် လတ်တလော ဝန်ဆောင်ခပေးဆောင်ရန် မလိုသေးပါ။

ငွေလွှဲဖို့ ငွေလွှဲလက်ခံသူ၏ နိုင်ငံသားမှတ်ပုံတင်နံပါတ်နှင့် မိုဘိုင်းဖုန်းနံပါတ်တို့ လိုအပ်ပါတယ်။

ငွေလွှဲထုတ်ရန် မိုဘိုင်းဖုန်း၊မှတ်ပုံတင်နံပါတ်၊Cash Code (လျှို့ဝှက်ငွေထုတ်နံပါတ်) တို့လိုအပ်ပါသည်။

ငွေထုတ်လျှို့ဝှက် နံပါတ် (၆) လုံး ရှိပါသည်။

ငွေထုတ်လျှို့ဝှက်နံပါတ် (Cash Code ) တွင် Expired သက်တမ်းရှိပါသည်။ Expired သက်တမ်း (၂)ပတ် ရှိပါသည်။

MTB Pay ဖြင့် Bill Payment ပေးဆောင်နိုင်ပါသည်။လက်တလော ပေးချေနိုင်သော Bill Payment ဝန်ဆောင်မှုများ မှာ YESC, MESC, ESE - Nay Pyi Taw, Cannel Plus, 5BB တို့ဖြစ်ပါသည်။

Pin Number အသစ်ရရှိရန် ၅ မိနစ်ခန့်စောင့်ရပါမည်။

MTB Pay အကောင့်သည် Pin No ကို ငါးကြိမ်နှင့်အထက် မှားယွင်းနှိပ်မိခြင်း၊ အချိန်ကြာမြင့်စွာအသုံးမပြုပဲ ထားပါက Section Time Out ဖြစ်သွားနိုင်ပါသည်။ Section Time Out အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သွားပါက OTP အသစ်ဖြင့် ပြန်၍ဝင်ရောက်ရပါမည်။

MTB Pay App ပေါ်တွင် MTB Bank ဘဏ်ခွဲများ၏ တည်နေရာကို လတ်တလောတွင် မရရှိနိုင်သေးပါ။

MTB Pay ၏ OTP (One Time Password) သက်တမ်း(Expired) သည် (၆၀)စက္ကန့်ရှိပါသည်။

MTB Pay App ထဲတွင် ငွေလွှဲပြောင်း လုပ်ဆောင်မှုမှတ်တမ်း (Transaction History) ကိုကြည့်ရှုနိုင်ပါသည်။ သို့သော် Transaction အကြောင်းအရေ ၁၀၀ (သို့မဟုတ်) သုံးလအတွင်း ပြုလုပ်ထားသော Transaction များကိုသာ ကြည့်ရှုနိုင်ပါသည်။

Log in ဝင်ပြီး ၁ ပတ်ကြာ အသုံးမပြုပဲထားလျှင် Auto Logout ဖြစ်သွားပါမည်။