အမေးအဖြေများ

Not found what you looking for?

MTB Pay Wallet Account ကို အသုံးပြုသောအခါ Internet လိုအပ်ပါသည်။ Wi-Fi internet, Data Internet အစရှိသော မည်သည့် အင်တာနက်လိုင်းနှင့်မဆို အသုံးပြုနိုင်ပါသည်။

လုပ်ငန်းစဉ်များကို Customer များအနေဖြင့် အကောင့်ဖွင့်ပြီးပြီးချင်း ၂၄ နာရီအတွင်း အသုံးပြုနိုင်ပါသည်။

MTB Pay Wallet ၏ Mobile ငွေကြေးဝန်ဆောင်မှုကို Internet Connection ရှိသော မည့်သည့်နေရာ တွင်မဆို (၂၄)နာရီ ပတ်လုံးအသုံးပြုနိုင်ပါသည်။

MTB Pay Wallet Account ကိုအသုံးပြုဖို့ ဘဏ်စာရင်းဖွင့်ရန်မလိုအပ်ပါ။

MTB Pay Wallet Account ကို ဘဏ်စာရင်းနှင့် ချိတ်ဆတ်အသုံးပြုနိုင်ပါသည်။ အသုံးပြုလိုပါက နဂိုရှိ ပြီးသား ဘဏ်အကောင့်နှင့်သော်လည်းကောင်း၊ ဘဏ်စာရင်းမရှိသေးပါက နီးစပ်ရာ MTB ဘဏ်ခွဲများ တွင် ဘဏ်စာရင်း ဖွင့်လှစ်၍ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

ဘဏ်အကောင့်တခုတည်းနှင့်သာ ချိတ်ဆတ်အသုံးပြုနိုင်ပါသည်။

MTB Pay Account ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ MTB အမှတ်အသား Logo တပ်ဆင်ထားသော Agent ဆိုင်များ၊ ကောင်တာများနှင့် MTB ဘဏ်ခွဲများတွင် ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်ပါသည်။

ငွေလက်ခံသူဖုန်းထဲရှိ Cash Code ပျက်သွားခဲ့ပါက MTB Pay Call Center (သို့မဟုတ်) MTB Pay Facebook Page Messenger (သို့မဟုတ်) MTB Pay Viber ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ငွေလွှဲသူထံသို့ ငွေထုတ်လျှို့ဝှက်နံပါတ် (Cash Code) ပါဝင်သော Message Alert မရောက်ရှိခဲ့ပါက ငွေထုတ်လျှို့ဝှက်နံပါတ် (Cash Code) ပြန်လည်ပေးပို့ရန်အတွက် MTB Pay Call Center သို့ ဆက်သွယ်နိုင် ပါသည်။

ဖုန်းငွေဖြည့်သွင်းရာတွင် Phone Bill မဝင်ဘဲ မိမိအကောင့်ထဲမှ ငွေနှုတ်ယူသွားလျှင် MTB Pay Call Center (သို့မဟုတ်) MTB Pay Facebook page Messenger (သို့မဟုတ်) MTB Pay Viber သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။

Bill ပေးဆောင်ရာတွင် Biller Type မှားရွေးပြီး လွှဲမိပါက MTB Pay Call Center သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါသည်။

Login Password မေ့သွားခဲ့လျှင် MTB Call Center သို့ ကိုယ်တိုင်ဆက်သွယ်၍ သော်လည်းကောင်း၊ MTB App ပေါ်ရှိ Forgot Password ကိုနှိပ်၍ မိမိ၏ KYC ကိုယ်ရေးအချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းပြီး Password အသစ်ပြန်လည်တောင်းခံနိုင်ပါသည်။

MTB Pay App ပေါ်တွင် register ပြုလုပ်ပြီးပါက Verified Customer အဆင့်သို့ (24)နာရီအတွင်း ပြောင်းလဲပါမည်။

Pin Number အသစ်ရရှိရန် ၅ မိနစ်ခန့်စောင့်ရပါမည်။

MTB Pay Wallet App တွင် User Name မရှိပါ။

MTB Pay အကောင့် Lock ကျခဲ့လျှင် MTB Pay Call Center သို့ ဆက်သွယ်နိုင်ပါသည်။

MTB Pay အကောင့်ကို ပိတ်ချင်ပါက အကောင့်လက်ကျန်ငွေ Zero (သုည) အထိထားပြီး MTB Pay Call Center သို့ ဆက်သွယ်ပြီး ပိတ်နိုင်ပါသည်။

MTB Pay အကောင့်ဖွင့်ထားသော Mobile ဖုန်းနံပါတ်ကို အခြားဖုန်းနံပါတ်တစ်ခုဖြင့် ပြောင်းလဲအသုံး ပြုလိုပါက လတ်တလောတွင်ပြောင်းလဲလို့မရသေးပါ။ ပြောင်းလဲအသုံးပြုလိုပါက အသုံးမပြုလိုသော ဖုန်းနံပါတ်ဖြင့်ဖွင့်ထားသော စာရင်းကို အရင်ပိတ်ပြီး ပြောင်းလဲလိုသော ဖုန်းနံပါတ်ဖြင့် အသစ်ပြန်လည် ဖွင့်လှစ်အသုံးပြုနိုင်ပါသည်။

MTB Pay Agent / Merchant တည်နေရာများကို လတ်တလောမရရှိသေးနိုင်ပါ။

MTB Pay အသုံးပြုသော Customer မှ ဖုန်းပျောက်ဆုံးသွားပါက ရဲစခန်းသို့တိုင်ကြားပြီးလျှင် ရဲစခန်း ထောက်ခံစာနှင့်အတူ MTB Pay Call Center (သို့မဟုတ်) MTB Bank သို့ အကြောင်းကြားရပါမည်။ MTB Bank မှ အချက်အလက်များမှန်ကန်ပါက MTB Pay Account အားယာယီပိတ်ထားပေးမည်ဖြစ်ပါသည်။

Cash In ပြုလုပ်ရန် MPU Card နှင့် Bank Account လိုအပ်ပါသည်။

Cash In ပေးဆောင်ရာတွင် ပြုလုပ်ပုံအဆင့်ဆင့်မှာ-

  1. Application ပေါ်ရှိ Cash In ထဲသို့ဝင်ပါ။
  2. မိမိလုပ်ဆောင်လိုသော Transaction Type အမျိုးအစားကိုရွေးချယ်ပါ။
  3. လွှဲမည့် amount များအား Select Amount (သို့မဟုတ်)manual ရိုက်ထည့်၍ပြုလုပ်နိုင်ပါသည်။
  4. Confirm Button အားနှိပ်ပေးရပါမည်။
  5. e-Commerce page တွင် Card Number , Exp Month and Year and OTP အား ရိုက်ထည့် ပေးပါ။ PIN Number မှန်ကန်ပါက Cash In Transaction success ဖြစ်ပါမည်။

Cash Out ပြုလုပ်ရန် Bank Account လိုအပ်ပါသည်။

Cash Out ပေးဆောင်ရာတွင် ပြုလုပ်ပုံအဆင့်ဆင့်မှာ-

  • Application ပေါ်ရှိ Cash Out ထဲသို့ဝင်ပါ။
  • မိမိလုပ်ဆောင်လိုသော Transaction Type အမျိုးအစားကိုရွေးချယ်ပါ။
  • လွှဲမည့် amount များအား Select Amount သို့မဟုတ် manual ရိုက်ထည့်၍ ပြုလုပ်နိုင်ပါသည်။
  • Confirm Button အားနှိပ်ပေးရပါမည်။
  • Customer PIN ရိုက်မည့် page တွင် မိမိသတ်မှတ်ထားသည့် PIN Number အားရိုက်ထည့် ပေးပါ။ PIN Number မှန်ကန်ပါက Transfer Transaction success ဖြစ်ပါမည်။

MTB Bank ၏ promotion များအား MTB Pay Wallet Notification ၏ Promotion တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

OTP မရရှိပါက MTB Pay (Call Center , Facebook , Website နှင့် နီးစပ်ရာဘဏ်ခွဲ) များမှ တဆင့်ဆက်သွယ်၍ ပြောကြားနိုင်ပါသည်။