Agent Features
ဖုန်းနံပါတ်ဖြင့် ငွေသွင်းခြင်း
MTB Pay သုံးစွဲသူများအနေဖြင့် မိမိတို့၏ Wallet အတွင်းသို့ ငွေဖြည့်သွင်းမည်ဆိုပါက နီးစပ်ရာ Agent ဆိုင်များတွင် မိမိတို့ Register ပြုလုပ်ထားသော ဖုန်းနံပါတ်များဖြင့် ၀န်ဆောင်ခပေးရန်မလိုဘဲ အလွယ်တကူ ငွေဖြည့်သွင်းနိုင်ပါသည်။
QR ဖြင့် ငွေသွင်းခြင်း
MTB Pay သုံးစွဲသူများအနေဖြင့် မိမိတို့၏ Wallet အတွင်းသို့ ငွေဖြည့်သွင်းမည်ဆိုပါက နီးစပ်ရာ Agent ဆိုင်များတွင် MTB Pay Register ပြုလုပ်၍ ရရှိထားသော ကိုယ်ပိုင် QR Code များဖြင့် ဝန်ဆောင်ခပေးရန်မလိုဘဲ အလွယ်တကူ ငွေဖြည့်သွင်းနိုင်ပါသည်။


ငွေထုတ်ပေးခြင်း
MTB Pay သုံးစွဲသူများအနေဖြင့် မိမိတို့၏ Wallet အတွင်းမှ ငွေထုတ်ယူမည်ဆိုပါက နီးစပ်ရာ Agent ဆိုင်များတွင် မိမိတို့ Register ပြုလုပ်ထားသော ဖုန်းနံပါတ် (သို့) ကိုယ်ပိုင် QR Code များအသုံးပြု၍ သတ်မှတ်ထားသော ၀န်ဆောင်ခနှုန်းထားများဖြင့် အလွယ်တကူ ငွေထုတ်ယူနိုင်ပါသည်။


အကောင့်ရှိသူမှ ငွေထုတ်ခြင်း
MTB Pay အကောင့်မရှိသောသူများအနေဖြင့် မိမိထံသို့ လွှဲပို့ပေးထားသော ငွေထုတ်ယူမည်ဆိုပါက နီးစပ်ရာ Agent ဆိုင်များတွင် မိမိတို့၏ မှတ်ပုံတင်နံပါတ်နှင့် မိမိဖုန်းနံပါတ်သို့ပေးပို့ထားသော Cash Code Message တို့ကိုအသုံးပြု၍ သတ်မှတ်ထားသော ၀န်ဆောင်ခနှုန်းထားများဖြင့် အလွယ်တကူ ငွေထုတ်ယူနိုင်ပါသည်။


အကောင့်မရှိသူ အချင်းချင်းငွေလွှဲခြင်း
MTB Pay အကောင့်မရှိသောသူများအနေဖြင့် မိမိကဲ့သို့ MTB Pay အကောင့်မဖွင့်ရသေးသော အခြားသူများထံသို့ ငွေလွှဲပို့မည်ဆိုပါက နီးစပ်ရာ Agent ဆိုင်များတွင် မိမိတို့၏ မှတ်ပုံတင်နံပါတ်၊ မိမိဖုန်းနံပါတ်နှင့် မိမိလွှဲပို့လိုသည့် ငွေလွှဲလက်ခံမည့်သူ၏ ဖုန်းနံပါတ် တို့ကိုအသုံးပြု၍ သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထားများဖြင့် အလွယ်တကူ ငွေလွှဲပို့နိုင်ပါသည်။

ကိုယ်စားလှယ် လျှောက်ထားခြင်း
MTB Pay နှင့် လက်တွဲ၍ တိုးတက်အောင်မြင်လိုသော စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် MTB Pay ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်၍ ငွေသွင်း၊ ငွေထုတ်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဘေလ်ပေးဆောင်ခြင်းများ ပြုလုပ်ခြင်းနှင့် ဖုန်းဘေလ်ဖြည့်သွင်းရောင်းချခြင်း အစရှိသည်တို့ကို ဆောင်ရွက်နိုင်သည့်အတွက် ပိုမို၍ မိတ်ဖက်များပြားလာခြင်းနှင့်အတူ အကျိုးစီးပွါးတိုးတက်ခြင်းတို့ကိုပါ ခံစားရရှိနိုင်ပါသည်။