စည်းမျဉ်းစည်းကမ်းများ

ဤစည်းမျဉ်းစည်းကမ်းများသည် Myanma Tourism Bank Public Limited ၏ MTB Pay ကိုသုံးစွဲ သူများနှင့်သက်ဆိုင်စေရမည်။

၁. အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အောက်ဖေါ်ပြပါ စကားရပ်များသည် ဤစည်းမျဉ်းစည်းကမ်းများ (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်းများကို ရည်ညွှန်းထားသည့် မည်သည့်စာရွက်စာတမ်းတွင်မဆို အသုံးပြုသည့်အခါ အောက်ဖော်ပြပါ အနက်အဓိပ္ပါယ်ရှိသည်။

  • Account ဆိုသည်မှာ သုံးစွဲသူအတည်ပြုခြင်းကိုလိုအပ်သည့် သုံးစွဲသူ၏ Account အားဆိုလိုသည်။
  • ကိုယ်စားလှယ် (Agent) ဆိုသည်မှာ MTB ဘဏ်ကိုယ်စား ဘဏ်နှင့်သက်ဆိုင်သောလုပ်ငန်းအချို့ အားဆောင်ရွက်ရန် MTB ဘဏ်နှင့် သဘောတူညီမှုပြုလုပ်ထားသည့် တတိယဆောင်ရွက်ပေးသူအားဆိုလိုသည်။
  • ကုန်သည်ဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်း နှင့် အွန်လိုင်းကုန်ပစ္စည်း ရောင်းချသူများအပါအဝင် ငွေပေးချေခြင်းတို့အတွက် မိုလ်ဘိုင်းလ်ငွေပေးချေခြင်းအားလက်ခံသော ဆောင်ရွက်မှုကိုဆိုလိုသည်။
  • သဘောတူညီချက်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စားသုံးသူမှတ်ပုံတင်ပုံစံနှင့်အတူအခါအားလျော်စွာ MTB ဘဏ်မှ ပြင်ဆင်ထုတ်ပြန်သည့် စည်းမျဉ်း စည်းကမ်းများအား ဆိုလိုသည်။
  • အလုပ်လုပ်ရက်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မှ သတ်မှတ်ထားသည့် ဘဏ် ပိတ်ရက်များ၊ အများပြည်သူအားလပ်ရပ်များ၊ စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်များမှလွဲ၍ နေ့ရက်တရက် ရက်ကို ဆိုလိုသည်။
  • ဗဟိုဘဏ်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုဘဏ်အားဆိုလိုသည်။
  • E-money ဆိုသည်မှာ အီလက်ထရွန်းနစ်ငွေကြေးဖြစ်ပြီး မြန်မာကျပ်ငွေအားဖြင့် Customer များ၊ အေးဂျင့်များ၊ Merchant များနှင့် မြန်မာ့ခရီးသွားဘဏ်တွင် ထားရှိမည့် မိုဘိုင်းငွေကြေးဖြစ်သည်၊၊
  • အခကြေးငွေဆိုသည်မှာ ကုန်ကျစရိတ်၊ တောင်းခံစရိတ်၊ ကော်မရှင်ခနှင့် ဒဏ်ကြေးငွေအပါအဝင် MTB ဘဏ်မှထုတ်ပြန်ထားသည့် ဝန်ဆောင်မှုအသုံးပြုခအတွက် ကျသင့်သောငွေကြေးနှင့် အခကြေးငွေ ကို ဆိုလိုသည်။
  •  MTB ဆိုသည်မှာ နောင်တွင် MTB ဘဏ်အားဖြင့်ဖွင့်လှစ်မည့် ဘဏ်ခွဲများအပါအဝင် MTB ဘဏ်ခွဲများအားလုံးနှင့် Myanma Tourism Bank Public Limited အားဆိုလိုသည်။
  • MTB Pay ဆိုသည်မှာ MTB Pay နှင့် သတ်မှတ်ထားသည့် ကိုယ်စားလှယ်များမှတဆင့် အသုံးပြုသူများထံသို့ MTB ဘဏ်မှ ကမ်းလှမ်းထားသည့် မိုဘိုင်းဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုကို ဆိုလိုသည်။
  • KYC ဆိုသည်မှာ ဘဏ်သို့ လာရောက်ဝန်ဆောင်မှုရယူသည့် ဆက်သွယ်ဆောင်ရွက်သူများအား သိရှိခြင်း (Know Your Customer) ကို ဆိုလိုသည်။ KYC/ KYC check ဆိုသည်မှာ အကောင့်ဖွင့်ချိန်နှင့် အချိန်တိုင်းတွင် သုံးစွဲသူ၏ ကိုယ်ရေးအတည်ပြုခြင်းနှင့် စစ်‌‌ဆေးခြင်းအတွက် မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ တနည်းဆိုသော် ဘဏ်အနေဖြင့် ၎င်းတို့၏ ဖောက်သည်များသည် စစ်မှန်သူဟုတ်မဟုတ် သေချာရမည်ဖြစ်သည်။
  • မြန်မာကျပ်ဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ငွေကြေးကိုဆိုလိုသည်။
  • ကွန်ယက်ဝန်ဆောင်မှုပေးသူဆိုသည်မှာ MTB Bank နှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရန် သုံးစွဲသူ အနေဖြင့်အသုံးပြုသည့် ဆက်သွယ်ရေးနှင့် ဒေတာကွန်ယက်ဝန်ဆောင်မှုပေးသူကိုဆိုလိုသည်။
  • Non- Registered Services / Over the Counter (OTC)ဆိုသည်မှာ သုံးစွဲသူအနေဖြင့် စာရင်းသွင်းရန်လိုအပ်ခြင်းမရှိသည့် MTB Bank မှ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုကို ဆိုလိုသည်။
  • ပေးချေခြင်းခံရသူဆိုသည်မှာ ငွေအားလက်ခံရရှိမည့်သူအား ဆိုလိုသည်။
  • PIN နံပါတ် (သို့မဟုတ်) ကိုယ်ရေးအတည်ပြုနံပတ်ဆိုသည်မှာ ဝန်ဆောင်မှုအား လက်ခံရရှိသည့် အချိန်တွင် သုံးစွဲသူအနေဖြင့် အတည်ပြုရန် အသုံးပြုသည့်ဂဏန်း(၆)လုံးအား ဆိုလိုသည်။
  • SIM ဆိုသည်မှာ မိုဘိုင်းကွန်ယက်ပေါ်တွင် အသုံးပြုသူအား သုံးစွဲခွင့်ပေးထားသည့် Microchip သုံးစက်ကိရိယာဖြစ်သည့် သုံးစွဲသူ၏ မှတ်ပုံတင်ထားသည့်အထောက်အထားအား ဆိုလိုသည်။
  • စာပို့စနစ်ဆိုသည်မှာ စာတိုပို့သည့်ဝန်ဆောင်မှုကိုဆိုလိုပြီး၊ မိုဘိုင်းတယ်လီဖုန်းများအကြားတွင် စာပို့စနစ်အပြန်အလှန်ပို့ဆောင်ခြင်းအား ဆောင်ရွက်ပေးသည့် ဆက်သွယ်ရေးစနစ်ဖြစ်သည်။
  • Transaction ဆိုသည်မှာ လက်ကိုင်ဖုန်းကိုအသုံးပြု၍ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ပြည်တွင်း ငွေလွှဲခြင်း၊ ငွေပေးချေမှုပြုလုပ်ခြင်း၊ ကုန်သည်ငွေပေးချေခြင်း၊ ငွေစာရင်းစစ်ဆေးခြင်းတို့အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ (သို့မဟုတ်) ဘဏ္ဍာရေးဆိုင်ရာနှင့်သက်ဆိုင်ခြင်းမရှိသောဆောင်ရွက်ခြင်းများကို ဆိုလိုသည်။
  • သုံးစွဲသူ (သို့မဟုတ်)အသုံးပြုသူဆိုသည်မှာ MTB Pay ၏အသုံးပြုသူများ (end- customers) ဖြစ် သောသုံးစွဲသူများကို ဆိုလိုသည်။
  • OTP ဆိုသည်မှာ သုံးစွဲသူအနေဖြင့် MTB Pay မှတဆင့် အတည်ပြုကုတ်အား တောင်းခံသည့်အခါ သုံးစွဲသူ၏မှတ်ပုံတင်ထားသည့် မိုဘိုင်းဖုန်းနံပါတ်မှတဆင့် ဝင်ရောက်လာသည့် ဂဏန်း၆လုံးဖြစ်ပြီး Application တွင် ထည့်သွင်းအတည်ပြုရမည်ဖြစ်သည်။

၂. ဝန်ဆောင်မှုအမျိုးအစားများ

  • ဝန်ဆောင်မှုအကျဉ်းချုပ်ကိုဖော်ပြခြင်း
    • MTB Pay ၏ရည်ရွှယ်ချက်မှာ MTB မှသတ်မှတ်ထားရှိသည့်ကိုယ်စားလှယ် (Agent)များမှတဆင့် သုံးစွဲသူ များထံသို့ ကိုယ်စားလှယ်/ကုန်ရောင်းကုန်ဝယ် ဝန်ဆောင်မှု များကို ပြု လုပ်ပေးခြင်းဖြစ်သည်။ MTB Pay အသုံးပြုသူများအနေဖြင့် ယင်းတို့၏မိုဘိုင်းတယ်လီဖုန်းများမှ တဆင့်ဖြစ်စေ၊ MTB ဘဏ်မှခန့်အပ်ထား သည့် ကိုယ်စားလှယ်/ အရောင်းကုန်ဆိုင် များမှတဆင့်ဖြစ်စေ၊ ဘဏ္ဍာ ရေးနှင့်ဆိုင်သော(သို့)ဘဏ္ဍာရေး နှင့် မဆိုင်သော ဝန်ဆောင်မှုများအားဆောင်ရွက်နိုင်မည်ဖြစ်သည်။
  • ဝန်ဆောင်မှုအဆင့်
    • ဤစည်းမျဉ်းစည်းကမ်းများအရ၊ MTB Pay သည် သုံးစွဲသူများသို့ အောက်ပါဝန်ဆောင်မှုများနှင့် Product များကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
  • Account ပုံစံများ
    • အတည်ပြုထားသည့်သုံးစွဲသူ Account သုံးစွဲသူအနေဖြင့် MTB ဘဏ်ခွဲများ၊ သတ်မှတ်ထားသည့်ကိုယ်စားလှယ်များ နှင့်/သို့မဟုတ် MTB မှသာ လျှင်သတ်မှတ်ထားသည့် အခြားသောလမ်းကြောင်းများ၌ Myanma Tourism Bank မှချမှတ်ထားသော KYC ပေါ်လစီနှင့်အညီ Account ပုံစံအား အဆင့်မြှင့်တင်နိုင်သည်။
    • မိမိတို့ Account စာရင်းအား မှတ်ပုံတင်ခြင်းပြုလုပ်ရန်အလို့ငှာ အောက်ပါလိုအပ်သောအချက် အလက်များ (မှတ်ပုံတင်ရာတွင်လိုအပ်ချက်များ)ကို ထည့်သွင်းရမည်။
      • သုံးစွဲသူအမည်
      • စာရင်းသွင်းမည့်မိုဘိုင်းဖုန်းနံပါတ်
      • တရားဝင် နိုင်ငံသားစိစစ်ရေးကဒ်ပြား(သို့မဟုတ်)တရားဝင် နိုင်ငံကူးလက်မှတ် အမှတ်
      • ကျား/မ အမျိုးအစား
      • မွေးသက္ကရာဇ်
      • နိုင်ငံသား
      • ပြည်နယ်/ တိုင်းဒေသကြီး
      • မြို့နယ်
      • နေရပ်လိပ်စာ
      • အလုပ်အကိုင်
      • အဖအမည်
      • အီးမေးလ်လိပ်စာ
    • အတည်ပြုထားခြင်းခံရသည့် သုံးစွဲသူ: သုံးစွဲသူအနေဖြင့် MTB Pay Application ထဲရှိ အကန့်အသတ်နှင့်ကောက်ခံမှုဇယား (The Limits and Fees Table) တွင်ဖော်ပြထားသည့် အချက်များနှင့်အညီ MTB ဘဏ် Account နှင့် MTB Pay အား ချိတ်ဆက်နိုင်သည်။ သုံးစွဲသူအနေဖြင့် အချက်အလက်များတိကျပြည့်စုံစေရန် အချိန်တိုင်း၌ မှတ်ပုံတင် ရာတွင်အချက်အလက်များ၏ နောက်ဆုံးပြောင်းလဲချက်များအား ဖြည့်သွင်းရန် သဘောတူသည်။
  • Transaction ပုံစံများ
    • MTB Pay သုံးစွဲသူများအနေဖြင့် အောက်ပါဝန်ဆောင်မှုများအား အကန့်အသတ်မရှိဘဲသုံးစွဲနိုင်သည်။
    • ငွေသွင်းခြင်း
    • ငွေထုတ်ခြင်း
    • MTB Pay Account ၊ MTB ဘဏ် Account များ/သို့ ငွေလွှဲခြင်း၊
    • ငွေပေးဆောင်ခြင်း
    • အရောင်းကုန်ဆိုင်သို့ငွေပေးချေခြင်း
    • မိုဘိုင်းဖုန်းငွေဖြည့်သွင်းခြင်း
    • မီတာဘေလ်ဆောင်ခြင်း

၃. သုံးစွဲသူ၏ တာဝန်နှင့်ဝတ္တရားများ

  • သုံးစွဲသူအနေဖြင့် OTP နှင့် PIN နံပါတ်များအား လျှို့ဝှက်သိမ်းဆည်းရမည်။
  • သုံးစွဲသူအနေဖြင့် ဖြည့်သွင်းထားသည့်လျှောက်ထားသည့်ပုံစံတွင် ဖေါ်ပြထားသည့်အချက်အလက်များအားလုံးသည် မှန်ကန်ကြောင်း အာမခံရမည်။
  • MTB Pay အားဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်းတို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

၄. MTB ဘဏ်နှင့်သုံးစွဲသူတို့၏တာဝန်ဝတ္တရားများ

  • MTB ၏တာဝန်များ
    • MTB Pay အားဖွင့်လှစ်ခြင်းနှင့်အသုံးပြုခြင်းတို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။
  • သုံးစွဲသူ၏တာဝန်ဝတ္တရားများ
    • သုံးစွဲသူအနေဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့) နိုင်ငံကူးလက်မှတ်တို့တွင် ဖေါ်ပြထားသည့် မိမိ၏အမည်အပြည့်အစုံဖြင့်သာ MTB Pay မှတ်ပုံတင်ခြင်းအားပြုလုပ်ရမည်။
    • MTB Pay အသုံးပြုခြင်းအား မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စအတွက်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားသောရည်ရွယ်ချက်တစုံတရာဖြင့် ဆောင်ရွက်ခြင်းကို တင်းကြပ်စွာတားမြစ်သည်။ အမည်နေရာတွင် မိမိအမည်မဟုတ်သည့်အခြားအမည်များအား MTB ဘဏ်အနေဖြင့် ငြင်းပယ်လိမ့်မည်ဖြစ်သည်။
    • MTB ဘဏ်၏ ကနဦးခွင့်ပြုချက်နှင့်အတိအလင်းခွင့်ပြုချက်မရရှိဘဲ ဝန်ဆောင်မှုအားအသုံးပြုခြင်း (သို့မဟုတ်) ယခုသဘောတူညီချက်အရ သတ်မှတ်ထားသည့် သုံးစွဲသူရရှိထားသည့်အခွင့်အရေး (သို့မဟုတ်) တာဝန်တစ်ရပ်ရပ်အား မည်သည့်နည်းဖြင့်မဆို သုံးစွဲသူသည် လွှဲပြောင်းခြင်း၊ ပေးအပ်ခြင်းမပြုရ။
    • သုံးစွဲသူသည်ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်ငွေကြေးထောက်ပံ့မှုအပါအဝင် မည်သည့်အလွဲသုံး စားမှု၊ဥပဒေနှင့်မညီသောပြုလုပ်မှု၊လိမ်လည်မှု (သို့မဟုတ်) ရာဇဝတ်ဆိုင်ရာရည်ရွယ်ချက်များဖြင့် MTB Pay wallet service အား အသုံးပြုခြင်းမလုပ်ရ။
    • MTB Pay အနေဖြင့် Wallet Account ဖွင့်လှစ်ရန်လိုအပ်ချက်များနှင့်မကိုက်ညီပါ( သို့မဟုတ်) KYC အချက်အလက်များအား ပြည့်စုံစွာဖြည့်သွင်းရန် ပျက်ကွက်ပါက MTB pay မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းနှင့်လျော်ညီစွာ သုံးစွဲသူ၏ လျှောက်ထားမှုအားငြင်းပယ်နိုင်သည်။
    • သုံးစွဲသူသည် MTB Pay ရှိ My Profile ခေါင်းစဉ်အောက်တွင် မိမိတို့ရုပ်ပုံများ၊ အမည်၊ အီးမေးလ်နှင့် နေရပ်လိပ်စာ တို့အား ပြင်ဆင်နိုင်သည်။
    •  သုံးစွဲသူအနေဖြင့် မိမိ၏မှတ်ပုံတင်၊ DOB နှင့်တကွ MTB Pay Wallet အား မှတ်ပုံတင်ရာတွင် ဖြည့်သွင်းထားသည့် ဖုန်းနံပါတ်အားပြောင်းလဲလိုပါက အနီးဆုံးဘဏ်ခွဲသို့ သွားရောက်အကြောင်းကြား ရန်လိုအပ်သည်။
    • သုံးစွဲသူအနေဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ နိုင်ငံကူးလက်မှတ်တို့အပါအဝင် MTB Pay မှတ်ပုံ တင်ရာတွင်ပါဝင်သည့် ကိုယ်ရေးအချက်အလက်များသည် မှန်ကန်တိကျကြောင်းနှင့် နောက်ဆုံးဖြည့် သွင်းထားချက်များဖြစ်ကြောင်း တာဝန်ခံရမည်။
    • သုံးစွဲသူအနေဖြင့် သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်များ ပြောင်းလဲရာတွင်လည်းကောင်း၊ MTB မှ KYC လိုအပ်ချက်များ (သို့မဟုတ်) အခြားသောဥပဒေနှင့်အညီလိုအပ်ချက်များအတွက် တောင်းခံပါက လည်းကောင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား/နိုင်ငံကူးလက်မှတ် အပါအဝင် ပြောင်းလဲထားသည့် ကိုယ်ရေး အချက်အလက်များအား MTB ဘဏ်သို့ ပေးအပ်ရမည်။
    • သုံးစွဲသူများအနေဖြင့် မိမိတို့ကိုယ်တိုင် MTB Pay အပလီကေးရှင်းမှတဆင့် မိုလ်ဘိုင်းဖုန်းနံပါတ်ပြောင်းလဲခြင်း(သို့မဟုတ်) MTB Pay Account ရှိ အချက်အလက်တစုံတရာအား ပြောင်းလဲခြင်းတို့ ပြုလုပ်ရန် မည်သည့်တောင်းခံမှုကိုမှ ခွင့်ပြုမည်မဟုတ်ပါ။ သုံးစွဲသူသည် MTB Pay Call Center အား ဆက်သွယ်၍ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
    • MTB ဘဏ်အနေဖြင့် သုံးစွဲသူများကို ၎င်းတို့၏ တခုတည်းသာဖြစ်သော လက်ကိုင်ဖုန်းနံပါတ် များနှင့် လျှို့ဝှက် PIN  နံပါတ်တို့ဖြင့် ခွဲခြားသတ်မှတ်ပါသည်။ Transaction များကို လက်ကိုင် ဖုန်းနံပါတ် ဖြင့်သာ စတင်ရမည်ဖြစ်ပြီး Transaction များကို သုံးစွဲသူမှတာဝန်ရှိသည်။ သုံးစွဲသူအနေဖြင့် PIN နံပါတ် ရရှိပြီး လက်ကိုင်ဖုန်းနှင့်မှတ်ပုံတင်ထားသည့် MTB Pay Account တို့အား ဝင်ရောက်ခွင့်ရရှိပါက ထို Transaction များကို သုံးစွဲသူ (သို့မဟုတ်) ယင်းမှအခွင့်ပေးထားသူ တစ်ဦးဦးမှ ပြုလုပ်ခြင်းဖြစ်သည် ဟု သတ်မှတ်သည်။ MTB သည် သုံးစွဲသူအားဖြင့် Transaction အား ဆောင်ရွက်ပြီးဖြစ်ပါက မည်သည့် Transaction ကိုမဆို ပြန်လည်ပြင်ခြင်ဆောင်ရွက်ပေးမည်မဟုတ်ပါ။
    • သုံးစွဲသူသည် သုံးစွဲသူ PIN နံပါတ်အား လျှို့ဝှက်သိမ်းဆည်းထားရမည်ဖြစ်ပြီး အဆိုပါထိန်းသိမ်း ထားရှိမှုသည် လုံခြုံမှုနှင့်မသမာသူများ၏ အလွဲသုံးစားပြုခြင်းမှတားဆီးရန် သုံးစွဲသူ၏ တစ်ဦးတည်း သောတာဝန်ဖြစ်သည်။ တစ်စုံတစ်ဦးမှ ဥပဒေနှင့်မညီအသုံးပြုခြင်း (သို့မဟုတ်) သုံးစွဲသူ၏ PIN နံပါတ် အား ထုတ်ဖော်ပြသခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်တစုံတရာသည် သုံးစွဲသူ၏ တစ်ဦး တည်းသောတာဝန်သာဖြစ်သည်။
    • သုံးစွဲသူအနေဖြင့် မိမိတို့ကိုယ်ပိုင် PIN နံပါတ်များအား MTB ဘဏ်၏ ကိုယ်စားတောင်းခံသည့် တစ်စုံတစ်ဦးအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ခြင်း၊ အသုံးပြုစေခြင်းအား ခွင့်မပြုရ။ သုံးစွဲသူများအနေဖြင့် MTB ဘဏ်သည် မည်သည့်အခါတွင်မှ သုံးစွဲသူများထံမှ PIN နံပါတ်အားတောင်းဆို ခြင်း နှင့် MTB ဘဏ်ဝန်ထမ်းများအနေဖြင့် သုံးစွဲသူ၏လွှဲပြောင်းသည့် PIN နံပါတ်တို့အား လိုအပ်ခြင်း မရှိသည် ဆိုသည့်အချက်အား သတိမူရမည်။
    • MTB အနေဖြင့် MTB Pay အကောင့်နှင့်သုံးစွဲသူအနေဖြင့် လျှောက်ထားသည့် အခြားသော ဘဏ္ဏာရေးဆိုင်ရာ ဝန်ဆောင်မှုများမှတဆင့် သတ်မှတ်ထားသည့်လူတစ်ဦးဖြင့် ငွေလွှဲပြောင်းခြင်းမှ ဖြစ် ပေါ်လာသောဆုံးရှုံးမှုများ(သို့မဟုတ်)ပြန်လည်၍လွှဲပြောင်းမှုများအတွက် ကုစားမှုများပြုလုပ်ရန် တာဝန်မရှိပါ။
    • သုံးစွဲသူသည် MTB အနေဖြင့် တရားရုံးများ(သို့မဟုတ်)အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တောင်းခံသည့်အခါတွင် သုံးစွဲသူ၏အချက်အလက်များနှင့် Transaction အချက်အလက်များအား ပေးအပ်ရန် လိုအပ်သည်ဆိုသည့်အချက်အား သဘောတူအသိအမှတ်ပြုလက်ခံသည်။
    • Transaction များမဆောင်ရွက်မီ သုံးစွဲသူအနေဖြင့် လက်ခံမည့်သူ၏အသေးစိတ်အချက်အလက် များအားစိစစ်ရမည်။ Transaction တွင်မှားယွင်းမှုများကြောင့်ဖြစ်ပေါ်သောထိခိုက်မှု (သို့မဟုတ်) နစ်နာမှုတစုံတရာတို့အတွက် MTB အနေဖြင့် မည်သည့်တာဝန်မျှမရှိစေရ။
    • သုံးစွဲသူအနေဖြင့် မိမိ၏မိုဘိုင်းဖုန်း(သို့)ဆင်းကဒ်ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း၊ ဖျက်ဆီးခြင်းတို့ ခံရသည့်ကိစ္စတွင် ဘဏ်အနေဖြင့် ဝန်ဆောင်မှုအားရပ်ဆိုင်းခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်း တို့အား တားမြစ်ရန်အတွက် MTB Pay Account အား ပိတ်ပင်ရန်အလိုငှာ ချက်ချင်း MTB Pay Call Center သို့ အကြောင်းကြားရမည်။
    • သုံးစွဲသူ၏ MTB Pay Account အား အသုံးပြုခြင်းနှင့်ဆက်စပ်၍ ကန့်သတ်ထားချက်မရှိစေဘဲ အောက်ပါဆောင်ရွက်မှု / လုပ်ကိုင်မှုပြုလုပ်မှုတစုံတရာများအား MTP Pay အနေဖြင့်ခွင့်မပြုပါ။

၅. မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာလိမ်လည်မှုများ

  • သုံးစွဲသူအနေဖြင့်၎င်း၏ Wallet Account အား အခွင့်မရှိဘဲဝင်ရောက်ခြင်း၊ သံသယဖြစ်ဖွယ်အသုံး ပြုခြင်းအပါဝင် လိမ်လည်မှုများတွင် အသုံးချခံနေရကြောင်း ယုံကြည်ရန်သင့်လျော်သည့်အကြောင်းတို့ ရှိပါက အဆိုပါကိစ္စအား နီးစပ်ရာဘဏ်ခွဲ/ ကိုယ်စားလှယ်များမှတဆင့် MTB သို့ ချက်ခြင်းသတင်းပေးပို့ ရမည်။ ထို့အပြင် ရေးသား၍တင်ပြခြင်း (သို့မဟုတ်) ဖြစ်စဉ်အား သတင်းပေးပို့ရန် ဘဏ် Hotline ကိုခေါ် ဆိုခြင်းတို့အား ပြုလုပ်ရမည်။
  • သုံးစွဲသူသည် လိမ်လည်မှုများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နှင့်/သို့ အကြမ်းဖက်မှုများအတွက် ဘဏ္ဏာရေးတိုက်ဖျက်မှုများ (သို့မဟုတ်) တည်ဆဲအခြားဥပဒေတရပ်ရပ်အရ လိုက်နာဆောင်ရွက် နိုင်ရန် အတွက် MTB ဘဏ်သို့လိုအပ်သောအချက်အလက်များ ကိုထုတ်ဖော်ခြင်း၊ တင်ပြခြင်းတို့ ပြုလုပ်ရမည် ဖြစ်ကြောင်း သ‌ဘောတူညီသည်။ ထို့အပြင် MTB အနေဖြင့် သုံးစွဲသူ၏မည်သည့်အချက်အလက်ကိုမဆို တည်ဆဲဥပဒေတရပ်ရပ်အရ လိုအပ်သည့်အခါတွင် သက်ဆိုင်သည့်အာဏာပိုင်များသို့ ထုတ်ဖော်ပြသ မည်ဆိုသည့်အချက်အားလည်း သုံးစွဲသူမှသဘောတူညီသည်။
  • ကုန်စည် (နှင့်/ သို့မဟုတ်)ဝန်ဆောင်မှုများအား MTB ဝန်ဆောင်မှုအားအသုံးပြု၍ အခြားသူ (Third Party) ထံမှဝယ်ယူမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအခြားသူ၏ ကွန်ယက်ဝန်ဆောင်မှုပေးသူများ၏ စည်း မျဉ်းစည်းကမ်းများဖြင့်သာ ဝယ်ယူရမည်။ သုံးစွဲသူနှင့်အခြားသူ (Third Party) တို့ အကြား စည်းမျဉ်း စည်းကမ်းများ (နှင့်/ သို့မဟုတ်) သဘောတူညီမှုတစုံတရာတို့အတွက် မည်သည့်အခြေအနေ တွင်မဆို MTB နှင့် ၎င်း၏ကိုယ်စားလှယ်များသည် တာဝန်မျှမရှိစေရ။
  • MTB ဘဏ်မှ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးသည့်အခါတွင် သုံးစွဲသူသည် လိုအပ်သည့် အချက်အလက်များအားရှာဖွေရန် ပူးပေါင်းဆောင်ရွက်ရမည်။ MTB သည် သုံးစွဲသူအနေဖြင့် တက်နိုင် သမျှနောက်ဆုံးတိုးတက်မှုအားသိရှိစေရန် သက်ဆိုင်ရာဌာနများမှတဆင့် စုံစမ်းစစ်ဆေးမှု၏ တိုးတက်မှု အား သုံးစွဲသူထံသို့ အသိပေးရမည်ဖြစ်သည်။
  • လိမ်လည်မှုများတွင် သုံးစွဲသူအနေဖြင့်ပါဝင်နေကြောင်း သံသယဖြစ်ဖွယ်ရှိလျှင် MTB စစ်ဆေးမှုများ တွင် သုံးစွဲသူသည် သင့်လျော်သောပုဂ္ဂိုလ်များနှင့်ပူးပေါင်းဆောင်ရွက်ရမည်။ သုံးစွဲသူအနေဖြင့် လိမ် လည်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ခိုင်လုံသည့်သက်သေအထောက်အထား တင်ပြနိုင်ရ မည်။ ထိုကဲ့သို့တင်ပြနိုင်ခြင်းမရှိပါက MTB ၏ဆုံးဖြတ်ချက်အတိုင်း သုံးစွဲသူမှလိုက်နာ ဆောင်ရွက်ရမည်။
  • သုံးစွဲသူသည် ငွေကြေးခဝါချမှုများ၊လိမ်လည်မှုများ၊အကြမ်းဖက်မှု(သို့မဟုတ်) အခြားသော တည်ဆဲ ဥပဒေတရပ်ရပ်အရ လိုက်နာဆောင်ရွက်ရန်အတွက် MTB မှလိုအပ်သည့် သတင်း အချက်အလက်များ အားလုံးကို ပေးရန်/ထုတ်ဖော်ပြသရန် သဘောတူပြီး MTB သည် သုံးစွဲသူ၏ အချက်အလက်များကို ဥပဒေအရ သက်ဆိုင်ရာအာဏာပိုင်များထံသို့ ထုတ်ဖော်မည်ဖြစ်သည်ကို သဘောတူသည်။
  • သုံးစွဲသူသည် ၎င်း၏ကိုယ်ရေးအချက်အလက်များနှင့် အခြားသောအချက်အလက်များအား ထိန်းသိမ်းရန်၊ ဖော်ပြရန်၊ အသုံးပြုရန် နှင့် စုဆောင်းခြင်းတို့ပြုလုပ်ရန်အတွက် MTB သို့ပေးအပ်ရန် သဘော တူညီပါသည်။ ယခုဝန်ဆောင်မှုအားအသုံးပြုခြင်းဖြင့် သုံးစွဲသူအနေဖြင့် MTB Pay ၏ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များကို သဘောတူညီပါသည်။

၆. လုပ်ငန်းဆောင်ရွက်ချိန်

လက်ရှိအချိန်တွင် ပိတ်ရက်မရှိ ၂၄ နာရီ ပတ်လုံး Transaction များအား ဆောင်ရွက်နိုင်ပါသည်။ သို့သော် အနာဂတ်တွင် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် အကြောင်းတရားများကြောင့် လုပ်ငန်းဆောင် ရွက်ချိန်များ ပြောင်းလဲမှုရှိနိုင်မည်ဖြစ်ပြီး သုံးစွဲသူအနေဖြင့်အခါအားလျော်စွာ စစ်ဆေးမှုပြုလုပ်ရန် သဘောတူညီပါသည်။ MTB သည်ဝန်ဆောင်မှုများပေးရာတွင် အသုံးပြုသည့် hardware/software များအား အချိန်အခါလိုက်ပြုပြင် ထိန်းသိမ်းမှုများဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းကြောင့် ဝန်ဆောင်မှုများယာယီပြတ်တောက်မှုများဖြစ်ပေါ်စေနိုင်သည်ကို သုံးစွဲသူအနေဖြင့် နားလည်သိရှိပါ သည်။ MTB Pay နှင့် ပတ်သက်၍ မည်သည့် ပြုပြင်ထိန်းသိမ်းမှု၊ ပံ့ပိုးဆောင်ရွက်မှုများအတွက်မဆို သုံးစွဲ သူများအား MTB အနေဖြင့် မည်သည့်တာဝန်မျှမရှိကြောင်း သုံးစွဲသူမှ သိရှိသဘောတူပါသည်။


၇. Direct Debit ဆိုင်ရာခွင့်ပြုချက်

ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းစဉ်များအရ MTB Pay အား ရယူခြင်း၊အသုံးပြုခြင်းတို့ နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့်မည်သည့်အငြင်းပွားမှုအတွက်မဆို သုံးစွဲသူ၏ ဘဏ်ငွေစာရင်းနှင့် Wallet Account တို့မှ သက်ဆိုင် ရာငွေပမာဏအား MTB မှနုတ်ယူဖြတ်တောက်ခွင့်ပြုကြောင်း အသုံးပြုသူမှသဘောတူညီပါသည်။ ထို့အပြင် သုံးစွဲသူ Account (သို့မဟုတ်) Wallet Account တို့တွင် ငွေသား အလုံအလောက်မရှိခြင်းနှင့် အငြင်းပွားမှုမျိုးပေါ် ပေါက်လာခြင်းတို့တွင် သုံးစွဲသူအနေဖြင့် အဆိုပါ ပမာဏ နှင့်သက်ဆိုင်သောအခြားပမာဏတို့ကို ၎င်းတို့ Account များသို့ ပြန်လည်ထည့်သွင်းပေးရန် သုံးစွဲသူမှ သဘောတူညီပါသည်။


၈. အထွေထွေပြဌာန်းချက်များ

MTB သည် ဤသဘောတူညီချက်ကို အချိန်မရွေး လွှဲပြောင်းပေးပြီး တာဝန်ပေးပိုင်ခွင့်ရှိပါသည်။

ယခုစည်းမျဉ်းစည်းကမ်းများတွင် (အခါအားလျော်စွာ ပြင်ဆင်ထားသည့် ပေါ်လစီများနှင့် လုပ်ထုံး လုပ်နည်းများအပါအဝင်) ဤစည်းမျဉ်းစည်းကမ်း၏ အကြောင်းအရာနှင့်ပတ်သက်၍ သုံးစွဲသူနှင့် MTB တို့အကြား သဘောတူညီချက်တစ်ခုလုံး ပါဝင်သည်။

MTB အနေဖြင့် စက်ပစ္စည်းချို့ယွင်းခြင်း၊ လျှပ်စစ်ပြတ်တောက်ခြင်း၊ ဘွိုင်ကော့ခံရခြင်း၊ စီးပွားရေး အရပိတ်ဆို့မှုခံရခြင်း၊ တိုင်းပြည်မငြိမ်သက်မှုဖြစ်ပွားခြင်း၊ ပုန်ကန်သောင်းကျန်းမှုများဖြစ်ပွားခြင်း၊ လူထုအုံကြွခြင်း၊ မုန်တိုင်း (သို့မဟုတ်) အခြားသော ရာသီဥတုဆိုးရွားမှုများဖြစ်ပွားခြင်း၊မီးဘေး၊ ရေဘေး၊ မိုးပြင်းထန်ခြင်း၊ အစိုးရအမိန့်အရဖြစ်ခြင်း၊ ပြည်သူ့ဘဏ္ဏာသိမ်းဆည်းခံရခြင်း၊ဆန္ဒပြခြင်းနှင့် အလုပ်သမားပဠိပက္မများဖြစ်ပွားခြင်း၊ ကူးစက်ရောဂါများဖြစ်ပွားခြင်း၊ စစ်ဖြစ်ပွားခြင်း၊ အခြားသောမမျှော်လင့်နိုင်သည့် ဖြစ်ရပ်များဖြစ်ပွားခြင်း၊ လူသားများဆောင် ရွက်နိုင်သည့် အတိုင်းအတာထက်ကျော်လွန်၍ ဖြစ်ပွားခြင်း တို့အပါအဝင် MTB မှ အကျိုးအကြောင်း ဆီလျော်စွာ ထိမ်းချုပ်နိုင်မှု ထက်ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ဖြစ်ပွားသည့် ပျက်ကွက်မှု၊ နှောင့်နှေးမှု ဖြစ်ပေါ်စေသောအချိန်များအတွက် ယခု သဘောတူညီချက်များအား ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းတစုံတရာအတွက် တာဝန် မရှိစေရ။

ဤစည်းမျဥ်းစည်းကမ်းတွင် ဖော်ပြထားသော အချိန်၊ ရက်စွဲ သို့မဟုတ် ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်။

ယခုသဘောတူညီချက်နှင့် ဝန်ဆောင်မှု၏သတ်မှတ်ပြဌာန်းချက်များသည် မြန်မာနိုင်ငံဥပဒေနှင့်သာ သက်ဆိုင်ရမည်။


၉. ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ

လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် သဘောတူညီချက်ပြုလုပ်ခြင်း(သို့မဟုတ်) ၎င်းတို့ပါဝင်သည့် Transaction များကို ပြုလုပ်ခြင်းများမှ MTB အား လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်မပြု ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အခြားသောနိုင်ငံများရှိ ငွေကြေးခဝါချမှု တိုက်ဖျက် ရေးဥပဒေများအား MTB သည် လိုက်နာရမည်ဖြစ်ပါသည်။

သုံးစွဲသူသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(သို့မဟုတ်) အကြမ်းဖက်အဖွဲ့အစည်းများအား ငွေ ကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စီးပွားကုန်သွယ်ပိတ်ဆို့အရေးယူမှုများကိုစီမံခန့်ခွဲရေး (သို့မဟုတ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေနှင့်စည်းမျဉ်းများအရ လိုအပ်သော ကိစ္စများကို ဆောင်ရွက်နိုင်ရန် MTB အားဖြင့် လိုအပ်သည့် သတင်းအချက်အလက်များအားလုံးကို ပေးအပ်ရမည်။

သုံးစွဲသူသည် MTB မှတဆင့်ပြုလုပ်သော Transaction သည် မြန်မာနိုင်ငံ (သို့မဟုတ်) အခြားသော တိုင်းပြည်များ၏ ဥပဒေတစုံတရာကိုချိုးဖောက်ခြင်းမရှိပါကြောင်း ထုတ်ဖော်ကြေငြာပြီးတာဝန်ယူသည်။


၁၀. တာဝန်ဝတ္တရာများကိုကန့်သတ်ခြင်း

MTB သည် ဤစည်းမျဉ်းသတ်မှတ်ချက်များနှင့်ကိုက်ညီပြီး ဆောင်ရွက်ထားသည့် Transaction များအား ပြီးစီးအောင်လုပ်ဆောင်ပေးမည်ဖြစ်သည်။ သို့သော် MTB အနေဖြင့် အောက်ပါအခြေအနေ တစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ ပေါ်ပေါက်နေသည့်အတွက် သုံးစွဲသူဆောင်ရွက်ခဲ့သည့် Transaction များကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက မြန်မာ့ခရီးသွားဘဏ်တွင် တာဝန်မရှိပါ။

  • ငွေပေးချေမှုပြုလုပ်ရန်အတွင် သုံးစွဲသူ၏ Account တွင် ငွေလက်ကျန်မရှိခြင်း၊
  • MTB Pay Application ဝန်ဆောင်မှု၊ ဆက်သွယ်ရေးလိုင်း၊ လက်ကိုင်ဖုန်း၊ Modem တို့မှ ပုံမှန် လုပ်ဆောင်မှု လုပ်ကိုင်နိုင်စွမ်းမရှိခြင်းနှင့် သုံးစွဲသူမှ အဆိုပါချို့ယွင်းချက်များအား သိရှိပြီးဖြစ်ခြင်း (သို့မဟုတ်) အဆိုပါ ချို့ယွင်းချက်များနှင့်ပတ်သက်၍ သုံးစွဲသူသို့ လွှဲပြောင်းမှုများမပြုလုပ်မှီ MTB မှ ကြိုတင်အကြောင်းကြားထားခြင်း၊
  • သုံးစွဲသူအနေဖြင့် Transaction အား မှန်ကန်စွာအစမပြုခဲ့ခြင်း (သို့မဟုတ်) သုံးစွဲသူမှ တိုက်ရိုက် ပေးချေလိုသော ငွေလက်ခံသူများ၏ အမည်မှန်နှင့် အကောင့်အချက်အလက်များအား MTB သို့ မပေး အပ်ခဲ့ခြင်း၊
  • MTB ၏ထိန်းချုပ်မှုအောက်တွင်မရှိသည် အခြေအနေများ( မီး၊ ဓာတ်အားပြတ်တောက် ခြင်း၊ စက် (သို့) နည်းပညာဆိုင်ရာ ချို့ယွင်းမှု ၊ ရေကြီးခြင်းနှင့် အခြားသော ပြင်ပသက်ရောက်မှုများအထိ ကန့်သတ် မှုမရှိဘဲ) သည် Transaction အား ဆောင်ရွက်နိုင်ခြင်းမရှိအောင် တားဆီးကန့်သတ်နေခြင်း၊
  • MTB မှလုပ်ဆောင်နိုင်ခြင်းမရှိသည့် အခွန်ဆောင်ခြင်း (သို့မဟုတ်) တရားရုံးမှအမိန့်ချမှတ်ထား သော ငွေပေးချေမှုများကဲ့သို့သော ပေးချေမှုများအား သုံးစွဲသူမှ MTB သို့ ညွှန်ကြားခြင်း၊
  • ငွေများသည် ဥပဒေဆိုင်ရာကိစ္စရပ်များ (သို့မဟုတ်) အခြားသောတားဆီးမှု (သို့မဟုတ်) လွှဲပြောင်းခြင်းအား တားမြစ်ထားသည့် အကြောင်းတစုံတရာနှင့် သက်ဆိုင်နေခြင်း၊
  • အခြားတစ်ဖက်၏ အကျိုးအမြတ်ဆုံးရှုံးမှု၊ အချက်အလက်နှင့် အသုံးပြုရာတွင်ဆုံးရှုံးမှု၊ စရိတ် ကုန်ကျမှု၊ လုပ်ငန်းပိတ်ဆို့ခံရမှု (သို့မဟုတ်) အခြားမတော်တဆမှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ ဖြစ်စေဖြစ်ပေါ်မှု၊ ပြစ်ဒဏ်ခံရမှု (သို့မဟုတ်) အကျိုးဆက်ဆုံးရှုံးမှုများအတွက် MTB တွင် တာဝန်ရှိ လိမ့်မည်မဟုတ်ပါ။ သို့သော် ဆုံးရှုံးမှုဖြစ်ပေါ်စေသော ပါတီတဖက်ဖက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ် ခြင်း(သို့မဟုတ်) ပေါ့ဆခြင်း (သို့မဟုတ်)လိုအပ်သောဂရုစိုက်မှုနှင့်ကျွမ်းကျင်မှုမရှိခြင်းတို့ကြောင့် မဟုတ် ခြင်းတို့မှလွဲ၍ ဤစည်းမျဉ်းစည်းကမ်းများနှင့်ဆက်စပ်၍ သော်လည်းကောင်း (သို့မဟုတ်) ဆောင်ရွက်ခြင်းမှသော် လည်း ကောင်း ဖြစ်ပေါ်လာသော တာဝန်များအတွက်သာလျှင် တာဝန်ခံမှုသဘောတရားအရ တာဝန်ရှိသည်။

၁၁. Application အားအသုံးပြုခြင်း

ဤစည်းကမ်းများအား သုံးစွဲသူ၏လိုက်နာမှုအရ MTB Pay သည် သုံးစွဲသူအား သုံးစွဲသူပိုင် ဆိုင် သည့်(သို့မဟုတ်) ထိန်းချုပ်ထားသည့် မိုဘိုင်းစက်ပစ္စည်းပေါ်တွင် application ကို ဒေါင်းလုဒ်လုပ်၍ ထည့်သွင်းရန်၊ အသုံးပြုရန်နှင့် သုံးစွဲသူ၏ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်အတွက် MTB Pay တွင် ရရှိ နိုင်သည့် အရာများကို အသုံးပြုနိုင်ရန်တို့အတွက်အကန့်အသတ်မရှိ သီးသန့်မဟုတ်သော ၊ မလွှဲ ပြောင်း နိုင်သော လိုင်စင်အား သုံးစွဲသူကို ခွင့်ပြုပါသည်။ ၎င်းသည် သုံးစွဲသူ၏စီးပွားရေးရည်ရွယ်ချက် အတွက် ဖြစ်ပါသည်။


၁၂. ဉာဏပစ္စည်းဆိုင်ရာပိုင်ဆိုင်ခွင့်

MTB နှင့် MTB Pay Application ဝက်ဆိုဒ်နှင့် စာရွက်စာတမ်များအားလုံးရှိ အကြောင်းအရာ၊ စကားလုံး၊ ရုပ်ပုံ၊ အမှတ်အသား၊ ပုံစံ၊ လုပ်ငန်းဝန်ဆောင်မှုအမှတ်တံဆိပ် နှင့် ဒီဇိုင်းလက်ရာအားလုံး၏ မူပိုင်ခွင့်ပိုင်ရှင်သည် MTB ဖြစ်သည်။ သုံးစွဲသူအနေဖြင့် MTB မူပိုင်ခွင့်များအား ခေါင်းပုံဖြတ်ခြင်း နှင့် MTB၏ စာဖြင့်ရေးသားထားသည့် ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မည်သည်ကိစ္စကိုမဆို ကြေငြာခြင်း များ မပြုလုပ်ရ။ သုံးစွဲသူသည် MTB၏ ပုံ၊ အမှတ်အသား၊ လုပ်ငန်းအမည် (သို့) အခြားသောမူပိုင်ခွင့်များကို ထိခိုက်စေမည့် မည်သည့်အပြုအမှုကိုမဆို ဆောင်ရွက်ရန် အခြားသူက ဆောင်ရွက်ရန် ခွင့်ပြုခြင်း ပေး ပိုင်ခွင့်မရှိပါ။


၁၃. ဖျက်သိမ်းခြင်း

MTB အနေဖြင့် ဤစည်းမျဉ်းစည်းကမ်းများအရ သုံးစွဲသူ၏ ထူးခြားသောတာဝန် ဝတ္တရာများ ကို မထိခိုက်စေဘဲနှင့် အကြောင်းပြချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သည့်အချိန်တွင်မဆို ဝန်ဆောင် မှုအားဆိုင်းငံ့ခြင်း (သို့မဟုတ်) ရပ်စဲခြင်းတို့ပြုလုပ်နိုင်သည်။ သုံးစွဲသူအနေဖြင့် ဤစည်းကမ်းများ (သို့မဟုတ်) MTB ဘဏ်နှင့် ပြုလုပ်ထားသည့် အခြားမည်သည့်သဘောတူညီချက်ကိုမဆို ဖောက်ဖျက် ခြင်း၊ သုံးစွဲသူ၏ အကောင့်(သို့မဟုတ်) ဝန်ဆောင်မှုအားအခွင့်မရှိဘဲအသုံးပြုခြင်း(သို့မဟုတ်) ဥပဒေနှင့် ဆန့်ကျင်သော အသုံးပြုခြင်းများ ကိုပြုလုပ်နေသည်(သို့မဟုတ်) ပြုလုပ်ခံနေရသည်ဟု ယုံကြည်လောက်အောင်အကြောင်းပြချက်ရှိနေခြင်း (သို့မဟုတ်) မြန်မာနိုင်ငံတော်ဗဟိုဘဏ်(သို့မဟုတ်) သက်ဆိုင်ရာ အာဏာပိုင်များ၏ ညွှန်ကြားချက်အရသော်လည်းကောင်း (သို့မဟုတ်) သုံးစွဲသူအကောင့်တွင် အငြင်းပွားဖွယ်ငွေကြေးများရှိနေခြင်းတို့ကြောင့်သော်လည်းကောင်း MTB အနေဖြင့် ဤအရေးယူမှုအား ချက်ခြင်း ဆောင်ရွက်နိုင်သည်။


၁၄. လုံခြုံမှု

သုံးစွဲသူ၏ အချက်အလက်များလုံခြုံမှုရှိစေ‌ရေးသည် MTB အတွက် အရေးကြီးသည်။ သို့သော် သုံးစွဲသူများအနေဖြင့် အင်တာနက်(သို့မဟုတ်) အီလက်ထရွန်နစ်သိမ်းဆည်းခြင်းမှ ပေးပို့ခြင်းများသည် ၁၀၀ ရာခိုင်နှုန်း လုံခြုံမှုမရှိသည်ကို သတိပြုရမည်။ MTB အနေဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးအချက် အလက်များအားကာကွယ်ရန် စီးပွားရေးအရလက်ခံနိုင်သည့်နည်းလမ်းများအားဖြင့် ကြိုးစားနေသော် လည်း၊ ပြည်ပြည့်စုံစုံလုံခြုံပါကြောင်း အာမမခံနိုင်ပါ။


၁၅. မလွန်ဆန်နိုင်သောဖြစ်ရပ်များ

မလွန်ဆန်နိုင်သောဖြစ်ရပ်များဖြစ်ပွားခြင်းကြောင့် ဤစည်းမျဉ်းစည်းကမ်းများအရ တာဝန် ဝတ္တရား များကို ဆောင်ရွက်နိုင်ခြင်းမရှိလျှင် အဆိုပါစည်းမျဉ်းစည်းကမ်းများအား သုံးစွဲသူနှင့် MTB တို့ ဖောက်ဖျက်သည်ဟု မမှတ်ယူရ။ MTB ၏ ယခုဝန်ဆောင်မှုများအား အဆိုပါဖြစ်ရပ်များမှ နှောင့်နှေးခြင်း၊ တားဆီးခံရခြင်းနှင့် ကြန့်ကြာခြင်းတို့ဖြစ်ပွားစေလျှင် ထိုအခြေအနေများ ပြီးဆုံးသည့်အထိ ရပ်နားထား လိမ့်မည်ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များဆက်လက်ဖြစ်ပွားခြင်းကြောင့် ဤစည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားသည့် မည်သည့်ဝတ္တရားကိုမဆို ဆောင်ရွက်ခြင်းမှ နှောင့်နှေးစေခြင်း (သို့မဟုတ်) ဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့အတွက် ဤစည်းမျဉ်းစည်းကမ်းများအား MTB အနေဖြင့် ချိုးဖောက် သည်ဖြစ်ကြောင်း (သို့မဟုတ်) သုံးစွဲသူ(သို့မဟုတ်) အခြားသူအပေါ်တွင် တာဝန်ရှိသည်ဖြစ်ကြောင်း မမှတ်ယူရ။

သုံးစွဲသူသည် စက်ပစ္စည်းချို့ယွင်းခြင်း၊ လျှပ်စစ်ပြတ်တောက်ခြင်း၊ သပိတ်မှောက်ခံရခြင်း (ဘိုင် ကုတ်ခံရခြင်း)၊ စီးပွားရေးအရပိတ်ဆို့မှုခံရခြင်း၊ တိုင်းပြည်မငြိမ်သက်မှုဖြစ်ပွားခြင်း၊ ပုန်ကုန်သောင်း ကျန်းမှုများဖြစ်ပွားခြင်း ၊လူထုအုံကြွခြင်း၊ မုန်တိုင်း(သို့မဟုတ်) အခြားသော ရာသီဥတုဆိုးရွားမှုများ ဖြစ်ပွားခြင်း ၊ မီးဘေး၊ ရေဘေး၊ မိုးပြင်းထန်ခြင်း၊ အစိုးရအမိန့်အရဖြစ်ခြင်း၊ ပြည်သူ့ဘဏ္ဏာသိမ်း ဆည်းခံရခြင်း၊ ဆန္ဒပြခြင်းနှင့် အလုပ်သမားပဋိပက္ခများဖြစ်ပွားခြင်း၊ ကူးစက်ရောဂါများဖြစ်ပွားခြင်း၊ စစ်ဖြစ်ပွားခြင်း၊ အခြားသော မမျှော်လင့်နိုင်သည့် ဖြစ်ရပ်များဖြစ်ပွားခြင်း၊ လူသားတို့ဆောင်ရွက်နိုင်သည့် အတိုင်းအတာထက်ကျော်လွန်၍ဖြစ်ပွားခြင်း တို့အပါအဝင် MTBမှအကျိုးအကြောင်းသင့် လုပ်ကိုင်နိုင် သည့် ကိစ္စရပ်များထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ဖြစ်ပွားသည့် ပျက်ကွက်မှု၊ နှောင့်နှေးမှု ဖြစ်ပေါ်စေသောအချိန်များအတွက် ဤဝန်ဆောင်မှုအား ဆောင်ရွက်ရာတွင် ပျက်ကွက်ခြင်း(သို့မဟုတ်) နှောင့်နှေး ခြင်းတို့အတွက် MTB ၌ တာဝန်မရှိကြောင်း သိရှိလက်ခံပါသည်။


၁၆. လိုက်နာခြင်း

သုံးစွဲသူအနေဖြင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ပြဌာန်းထားသည့် နည်းဥပဒေများ၊ သက်ဆိုင်သည့်စည်းမျဉ်းစည်းကမ်းများ ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ နှင့် အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေတို့ကို လိုက်နာမည်ဖြစ်ပါသည်။ ဤဝန်ဆောင်မှုဆိုင်ရာစည်းကမ်းချက်အဖြစ် ဝန်ဆောင် မှုများအား ဥပဒေနှင့်မညီသည့်မည်သည့်ကိစ္စအတွက်မှ အသုံးပြုမည်မဟုတ်ကြောင်း သုံးစွဲသူမှ အာမခံ သည်။ ဝန်ဆောင်မှုအားအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ နည်းဥပဒေနှင့် ပြဌာန်းဥပဒေဆိုင်ရာလိုအပ်ချက်များကို လိုက်နာရန် သုံးစွဲသူမှ သဘောတူပါသည်။


၁၇. ပြင်ဆင်ခြင်း

ဤစည်းမျဉ်းစည်းကမ်းများအားလုံးအား အခါအားလျော်စွာ MTB အနေဖြင့် ပြင်ဆင်ခြင်း၊ ပြောင်း လဲဖြည့်စွက်ခြင်းတို့ပြုလုပ်နိုင်ပြီး၊ ထုတ်ပြန်သည့်(သို့မဟုတ်)အသိပေးသည့် နေ့ရက်မှဖြစ်စေ (သို့မ ဟုတ်) MTB မှ အခြားသီးခြားဖေါ်ပြထားသည့်နည်းလမ်းဖြင့်ဖြစ်စေ စတင်၍ အကျိုးသက်ရောက်သည်။ အဆိုပါပြင်ဆင်ဖြည့်စွက်ခြင်းတို့ပြုလုပ်သည့် အသိပေးချက်အား MTB အနေဖြင့် သတ်မှတ်ထားသည့် သင့်လျော်သောနည်းလမ်းတစ်စုံတစ်ရာဖြင့် သုံးစွဲသူသို့အကြောင်းကြားရမည်။ ထို့အပြင် MTB ဝက်ဆိုဒ် တွင်လည်း လွှင့်တင်ထားရမည်ဖြစ်သည်။


၁၈. စွန့်လွှတ်ခြင်း

မည်သည့်လုပ်ဆောင်ချက်ကိုမဆို တိုင်ကြားရန် MTB မှ ပျက်ကွက်ခြင်း၊ လုပ်ဆောင်မပေးခြင်း၊ နှောင့်နှေးခြင်း၊ လျစ်လျူရှုခြင်း (သို့) သုံးစွဲသူအပေါ်ပျက်ကွက်ခြင်းတို့သည် MTB ၏အခွင့်အရေး တစ်စုံတစ်ရာအား စွန့်လွှတ် သည် မဖြစ်ပေါ်စေပါ။ သုံးစွဲသူသဘောတူညီချက်အောက်တွင် အခွင့်အရေးများ အား MTB မှ စွန့်လွှတ်မှုတစုံတရာကို MTB အနေဖြင့် စာဖြင့်ရေးသားလက်မှတ်ရေးထိုးရမည်။ ထို့အပြင် အနာဂတ်တွင် သုံးစွဲသူသဘောတူညီချက်မှ အခြား သော MTB ၏အခွင့်အရေးများအား စွန့်လွှတ်ခြင်း (သို့) လက်လွှတ်ခြင်းဖြစ်ကြောင်း မမှတ်ယူရ။


၁၉. ဆက်လက်အသက်ဝင်ခြင်း

MTB သည် မည်သည့်အချိန်တွင်မဆို ဤစည်းမျဉ်းစည်းကမ်းများ၊ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်း ချက်များ၊ ပေါ်လစီ နှင့် Site တို့ကို ပြောင်းလဲရန် အခွင့်အရေးရှိပါသည်။ ဤစည်းမျဉ်းစည်းကမ်းများထဲမှ ပြဌာန်းချက်တစ်စုံတစ်ရာအား တရားမဝင်ကြောင်း၊ ပျက်ပြယ်ကြောင်း (သို့မဟုတ်) အတည်မပြုနိုင် ကြောင်းဆုံးဖြတ်ပါက ဤစည်းမျဉ်းစည်းကမ်းများထဲမှ ကျန်ပြဌာန်းချက်များသည် ဆက်လက်အသက် ဝင်နေမည်ဖြစ်သည်။


၂၀. သက်ဆိုင်မှုမရှိခြင်း

ဤစည်းမျဉ်းစည်းကမ်းများတွင်ပါဝင်သည့် မည်သည့်ပြဌာန်းချက်မဆို ဤစည်းမျဉ်း စည်းကမ်း များကို သဘောတူထားသော သုံးစွဲသူနှင့် MTB ဘဏ်တို့အကြား အလုပ်သမားနှင့်အလုပ်ရှင်၊ မိတ်ဖက်၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သူ၊ ဖက်စပ် (သို့မဟုတ်) ကိုယ်စားဆောင်ရွက်ပေးသူ၊ ကုန်သည် ဆက်ဆံရေးမျိုးကို ဖန်တီးသည်ဟု အဓိပ္ပါယ် ကောက်ယူခြင်းမရှိစေရ။ သုံးစွဲသူနှင့် MTB ဘဏ်တို့သည် သီးခြားလွတ် လပ်သောသူများဖြစ်ပြီး မည်သည့်ဘက်ကမဆို အခြားတဖက်၏ လုပ်ဆောင်ချက်၊ဆောင်ရွက်ချက် (သို့မဟုတ်) ပျက်ကွက်ခြင်းများအတွက် တာဝန်မရှိစေရ။


၂၁. သက်ဆိုင်သည့်ဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းရေး

ဤစည်မျဉ်းစည်းကမ်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုး မည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ ထို့အပြင် ဤစည်းမျဉ်းစည်းကမ်းများ အရပေါ်ပေါက်လာသောမည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိ တရားရုံးများတွင်သာရှိစေရမည်။


၂၂. ဘာသာစကား

ဤစည်းမျဉ်းစည်းကမ်းများအား မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ပြုလုပ်ထားသည်။ နှစ်မျိုးစလုံးသည်တူညီသောအဓိပ္ပါယ်နှင့်သက်ရောက်မှုရှိသည်။ ဘာသာစကားနှစ်မျိုးဖြင့် ပြုလုပ်ထား ခြင်းကြောင့် ကွဲလွဲမှုတစ်စုံ တစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက် များကိုသာလျှင် အမှန်ယူရမည်ဖြစ်သည်။


၂၃. ဆက်သွယ်ရန်အချက်အလက်များ

Call Center: 09685682682
Website: www.mtbpay.com.mm
ယခုကိုယ်ရေးအချက်အလက်မူဝါဒနှင့်ပါတ်သက်၍ မေးမြန်းလိုသည့် အချက်တစ်စုံတစ်ရာရှိပါက အီးမေးလ်လိပ်စာ အမှတ်၊ customerservice@mtbpay.com.mm သို့ ဆက်သွယ်နိုင်ပါသည်။